ဆီဆိုင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် မေတ္တာရောင်ခြည် လူမှုကူညီရေးလူငယ်အဖွဲ့မှ ယနေ့ နံနက် ၉ နာရီက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်း အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မေတ္တာရောင်ခြည် လူမှုကူညီရေးလူငယ်အဖွဲ့က တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ ပျံကျဈေးနှင့် လူသွားလူလာများသော လမ်းဆုံနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တစ်ပတ်လျှင် သုံးကြိမ်ဖြန့်ဝေပေးလျက်ရှိကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးလူငယ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)