ဝင်းပကျေးရွာတွင် နေအိမ် မီးဖိုချောင်ရှိ ပလပ်ခုံမှ ဝါယာရှော့ဖြစ်ပြီး အိမ်မီးလောင်မှုဖြစ်ပွား

သထုံ     အောက်တိုဘာ       ၆

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ဝင်းပကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က နေအိမ်မီးဖိုချောင်ရှိ ပလပ်ခုံမှ ဝါယာ‌ရှော့ ဖြစ်ပွားပြီး အိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဝင်းပကျေးရွာ၊ ရေတွင်းဖြူပိုင်းနေ ဦးဌေးကျော် (၄၅)နှစ်၏ အနံ(၁၅)ပေ၊ အလျား(၂၀) ပေခန့်နှင့် အမြင့် (၁၈)ပေခန့်ရှိ အောက်ထပ်အုတ်ခံ၊ အပေါ်ပျဉ်ကာ၊ နှစ်ထပ်‌ နေအိမ်၏ မီးဖိုချောင်ရှိ ပလပ်ခုံမှ ဝါယာရှော့ဖြစ်၍ စတင် မီးလောင်ကျွမ်းပြီး နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ဝန်းကျင်ရှိ ကျေးရွာသူ/ကျေးရွာ သားများနှင့် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များတို့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်မှာ မီးလောင် ပျက်စီးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိ‌ကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါမီးလောင်မှုနှင့်ပတ်သတ်၍ မီးပေါ့ဆစွာအသုံးပြုသဖြင့် နေအိမ်အား မီးလောင်ဆုံးရှုံးစေသူ အိမ်ရှင် ဦးဌေးကျော်အား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဥပဒေအရ အမှုဖွင့်လှစ် အရေးယူထား‌ကြောင်း သိရသည်။

 

သထုံ