လှိုင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက် ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်း စျေးအသီးသီးမှ စျေးရောင်းချသူများ၊ အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံ

လှိုင် ​အောက်တိုဘာ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင်ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်း အသက် ၅၅ နှစ် အထက် ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်း စျေးအသီးသီးမှ စျေးရောင်းချသူများ၊ အစိုးရဝန်ထမ်းများ၊  ကုမ္ပဏီဝန်ထမ်းများအား ကာကွယ်ဆေး (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း (၂၀၀၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လှိုင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျန်ရှိနေသော ပြည်သူလူထုများကိုလည်း ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)