ပင်းတယ အောက်တိုဘာ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်မှုလျော့ကျစေရေးအတွက် နှာခေါင်းစည်း(Mask) နှင့်လက်ကမ်းစာစောင်များအား ယနေ့နံနက် ၇ နာရီက ပင်းတယမြို့နယ် စည်ပင်သာယာရေး ဌာန ယာယီပျံကျစျေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက စျေးရောင်း၊စျေးဝယ်လာကြသူများအား နှာခေါင်းစည်း တပ်ဆင်ထားခြင်းရှိမရှိ၊ နှာခေါင်းစည်း အဟောင်းတပ်ဆင်ထားသူများအား အသစ်လှဲလှယ်ပေးခြင်း၊နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြစေရန် စသည်တို့ကို အသိပညာပေးခြင်း၊ ဟောပြောခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)