လှိုင်မြို့နယ်​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ မြို့နယ်​စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် တာဝန်ထမ်းဆောင်ရန် သြဇာတိက္ကမရှိသူ (လျာထား)များ ရွေးချယ်

ရန်ကုန် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် တာဝန်ထမ်းရန် ရပ်ကွက် (၁၆) ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စား၍ တက်ကြွစွာ​ဆောင်ရွက်​ပေးနိုင်​သော သြဇာတိက္ကမ ရှိသူများကို မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ထိုသို့ မဲစနစ်ဖြင့် တက်ရောက်လာကြသော ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များမှ မဲပေး ရွေးချယ်ခဲ့ကြရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် တာဝန်ထမ်းဆောင်ရန် သြဇာတိက္ကမ ရှိသူစာရင်းရှိ(၁၂)ဦးအနက်မှ မဲအများ ဆုံး(၅)ဦး ဖြစ်သည့် အမှတ်(၁၃)ရပ်ကွက်မှ ဦးနေဝင်း၊ အမှတ်(၉)ရပ်ကွက်မှ ဒေါ်ခိုင်ခိုင်ဝင်း၊ အမှတ်(၇)ရပ်ကွက်မှ ဦးလှိုင်မြင့်၊ အမှတ်(၁၄)ရပ်ကွက်မှ ဦးခင်ဟန်၊ အမှတ်(၅)ရပ်ကွက်မှ ဦးရဲမြင့်တို့ကို လျာထားရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)