ဟိုပုံး အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသက် ၁၈ နှစ် နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ည(၉)နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာများတွင် အသိပေး နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် အသက်(၁၈)နှစ်နှင့်အထက် ဦးစားပေးအုပ်စုတွင် အကျုံးဝင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူများ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိရေး ၆-၁၀-၂၀၂၁ရက်နေ့မှ ၁၅-၁၀-၂၀၂၁ရက်နေ့အတွင်း ဆေးထိုးစုရပ်များဖြစ်သည့် ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစည်းအဝေးခန်းမ၊ ကျောက်တန်း တိုက်နယ်ဆေးရုံ၊ မိုင်းပျဉ်းတိုက်နယ် ဆေးရုံ၊ နမ့်ခုတ်တိုက်နယ်ဆေးရုံ၊ စံဖူးကျေးလက် ကျန်းမာရေးဌာနခွဲ၊ နောင်ဒေးကျေးလက်ကျန်းမာရေး ဌာနတို့တွင် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း/ ပရဟိတ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင်များနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းများများမှ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/ အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုလသမဂ္ဂဝန်ထမ်းများ၊ EAO များ၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်းလမ်း/ ရေကြောင်း/ လေကြောင်းအသုံးပြု၍ နိုင်ငံတကာပြည်တွင်းဝင်/ ထွက်ပေါက်များတွင် အဓိက တာဝန်ယူထားသော လုပ်ငန်းများ၊ ပို့ကုန်၊သွင်းကုန်လုပ်ငန်းများ၊ ကုန်ပစ္စည်း သိုလှောင်ရေး လုပ်ငန်းများ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များမှ ဝန်ထမ်းများ၊ ရွေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများ၊ မှီခို၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)