ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျော့ချနိုင်ရေးအတွက် မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူ ၄၆၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၆၇ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့နယ်၊ နောင်ကုန် ကျေးရွာအုပ်စု ဖွေးဟုန်းကျေးရွာ၊ လွယ်လုံကျေးရွာအုပ်စု ဝမ်ပေါက်ကျေးရွာ၊ ကတ်ဖကျေးရွာ အုပ်စု ဝမ်တာကျေးရွာ၊ ယန်းလောကျေးရွာအုပ်စု ဖိုင်ဝိန်း ကျေးရွာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)