အလုံမြို့နယ်တွင် ငုဝါလမ်း​ရေ​မြောင်းချဲ့ခြင်း လုပ်ငန်း​ဆောင်ရွက်

အလုံ သြဂုတ် ၁၇

မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သောရေကြီး​ရေလျှံမှုမဖြစ်​ပေါ်​စေ​ရေးနှင့် ရေစီး​ရေလာ​ကောင်းမွန်​ရေးအတွက် ရည်ရွယ်ကာ ​ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ အလုံမြို့နယ်၊စော​​တောင်ရပ်ကွက်၊ ငုဝါလမ်းတစ်​လျှောက်ရေ​မြောင်းချဲ့ခြင်းလုပ်ငန်းကို သြဂုတ်လ လဆန်းပိုင်းမှစတင်၍​ ဆောင်ရွက် လျက် ရှိ​ကြောင်း သိရသည်။

အဆိုပါ ရေ​မြောင်းချဲ့ခြင်းလုပ်ငန်းကို ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး ​ကော်မတီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (RE  Budget) ဖြင့်​ ဆောင်ရွက်ခြင်း ဖြစ်ပြီးမြောင်းအတိုင်းအတာမှာ ၂ ​ပေအကျယ်၊ ၃​ပေ အနက်၊ အရှည် ​​ပေ ၅၀၀ ရှိ​ကြောင်း သိရှိရသည်။

တင်တင်ချို ပြန်/ဆက်