စမ်းချောင်း ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲ ပေးရန်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီ သောမဲဆန္ဒရှင် ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက် အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယနေ့၊ နံနက်ပိုင်း(၉)နာရီက ရပ်ကွက် (၁၈)ရပ်ကွက်သို့ တစ်အိမ်တက်ဆင်း လိုက်လံ ကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့သည်။
ထို့သို့ကွင်းဆင်းရာတွင် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေး နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း များကို လိုက်လံ စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထူးထက်