တီကျစ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို တတိယရက်တွင် (၅၁၀)ဦး ကာကွယ်ဆေးထိုးနှံပေးနိုင်

 

နောင်တရား    အောက်တိုဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာ အ.လ.ကကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တတိယရက်အဖြစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက်ထိုးနှံပေးလျက်ရှိပြီး တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် လုံးပိုးကျေးရွာအုပ်စု အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို တတိယနေ့တွင် (၅၁၀)ဦး ထိုးနှံပေးနိုင်ခဲ့သည်။

တီကျစ်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျေးရွာအုပ်စုများ အတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများကို တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ရှမ်းချယ်ရီခန်းမ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက် ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)