မိုင်းခတ်မြို့နယ်တွင်(Facility Quarantine) ထားရှိခဲ့သည့် အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာ(၁)ဦးတွေ့ရှိ

မိုင်းခတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် လေ့ကျင့်ရေးအားကစားခန်းမ (Facility Quarantine)၌ (၁၀)ကြာရက်ကန့်သတ်စောင့်ကြည့်ထားရှိသည့် အမျိုးသား(၁)ဦးအား RTD Test Kit ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက စစ်ဆေးရာကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းပိုးတွေ့လူနာသည်ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စုနေထိုင်သူဖြစ်ပြီး မိုင်းခတ်မြို့နယ် မိုင်းညှင်းအုပ်စု၊ မိုင်းညှင်း(အ.လ.က) ကျောင်းအဆောက်အဦ ဆောက်လုပ်ရန် Six Dragon ကုမ္ပဏီမှ အလုပ်သမား(၁၅)တို့သည် မိုင်းခတ်မြို့နယ်သို့ အောက်တိုဘာ၃ရက်နေ့က ရောက်ရှိလာရာ Facility Quarantine (၁၀)ရက်ကန့်သတ်စောင့်ကြည့်ခဲ့ပြီး ၎င်းအဖွဲ့အား အောက်တိုဘာ၅ရက်နေ့တွင် ပထမအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉အတည်ပြုလူနာ(၁)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်အတည်ပြုလူနာအား ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရသူ(၂၀)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။