ကမာရွတ်မြို့နယ်၌ သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များလှူဒါန်း

ကမာရွတ် သြဂုတ် ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေး အတွက် နေ့တာဝန်၊ ညတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များကို ယမန့်နေ့ နေ့လယ်(၁၂) နာရီချိန်က  ကမာရွတ်မြို့နယ် UAB Bank ဝန်ထမ်းမိသားစု များမှ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုများအား  UAB Bank ဝန်ထမ်းမိသားစုများမှ  ဝန်ထမ်းတစ်ဦးလျှင် ဆန်(၃)ပြည်နှင့် အလှူငွေ(၅၀၀၀)ကျပ် တို့ကို ဝန်ထမ်း(၁၁၁)ဦး လှူဒါန်းသွားကြောင်း သိရသည်။ ဆက်လက်၍ အလှူရှင်တစ်ဦးမှလည်း သန့်ရှင်းရေး ဝန်ထမ်း များနှင့် မိသားစုများအား ထမင်းကြော်၊ ကြက်သားဟင်း၊ ဘဲဥကြော်နှင့် ချဉ်ပေါင်ကြော်တို့ကိုလည်း နေ့လည်စာအဖြစ် သုံးဆောင် နိုင်ရန် လာရောက်လှူဒါန်းသွားကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)