တပ်ကုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သောပြည်သူများအား နေပြည်တော် ကောင်စီမှ ထောက်ပံ့ဆန်ပေးအပ်

တပ်ကုန်း   အောက်တိုဘာ   ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ သောပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန် ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။  

အခမ်းအနားတွင် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးက ကိုဗစ်- ၁၉ တတိယလှိုင်းတွင်  မြို့နယ်အတွင်း  ပြည်သူများ ရောဂါပိုးကူးစက်ခံရသဖြင့် ရောဂါပိုး ကူးစက်ခံ ရသူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက်  ဥတ္တရခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက  မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားခဲ့သော ပြည်သူ(၇၇၃)ဦးစာအတွက် ဆန်(၆၄)အိတ်နှင့်(၁ဝ)ပြည် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုထောက်ပံ့ ဆန်လက်ခံရရှိခဲ့သည့် ပြည်သူများ(ကိုယ်စား) ဗိုလ်မင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူး တင် စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့  ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်