ညောင်ရွှေ အောက်တိုဘာ ၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မွေးကင်း စမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ကူး စက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူး ဒေါက်တာသစ်လွင်သိမ်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုဆရာမများနှင့် ကြက်ခြေနီ လူငယ်များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲအရွယ် ကလေးသူငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါး (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါကာကွယ်ဆေး) စသည့်ငါးမျိုးစပ် ကာကွယ်ဆေးများကို ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို ရောဂါကာကွယ်ဆေး အစက်ချဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ