မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား(SINOPHARM) ဒုတိယသုတ် (First Dose)ဆက်လက်ထိုးနှံပေး

မန်တုံ   အောက်တိုဘာ ၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို  ယမန်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ မြို့နယ် ပြည်သူ့ဆေးရုံ တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် မန်တုံမြို့နယ်မြို့နယ် စီမံကော်မတီဥက္ကဋ္ဌက စနစ်တကျစီမံဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံနိုင်ရေးအတွက်ကာကွယ်ဆေးမထိုးမီ ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယား မှတ်တမ်းရယူ ခြင်းများဆောင်ရွက်ခဲ့ပြီး နိုင်ငံဝန်ထမ်းများ(၃)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၂၄)ဦး စုစုပေါင်း(၂၇)ဦး ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီး သူများအား မိနစ်(၃၀)ခန့် နားနေစေကြောင်း သိရသည်။

အဆိုပါ  ကိုဗစ်ကာကွယ်ဆေး (SINOPHARM)ဒုတိယသုတ်(First Dose)ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလလ(၁၉)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့ထိ ပြည်သူ(၃၀၀)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

ထိုသို့ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)