တကောင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းဝင် ရှေးဟောင်းဦးတိုက် စေတီတော် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီက သမိုင်းဝင်ရှေးဟောင်း ဦးတိုက်စေတီတော်နှင့် ဉီးတိုက်ဘုန်းတော် ကြီးကျောင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ရှေးဟောင်းအမွေအနှစ်များ လက်ရာမပျက် ရေရှည်တည်တန့်စေရန်နှင့် ဘုရားဖူး လာရောက်သူများ စိတ်ချမ်းမြေ့စွာ တရားဘာဝနာအားထုတ် နိုင်စေရန်အတွက် ရည်ရွယ်ပြီး သမိုင်းဝင်ရှေးဟောင်း ဦးတိုက်စေတီ တော်နှင့် ဦးတိုက်ဘုန်းတော်ကြီး ကျောင်းပတ် ဝန်းကျင်ရှိ ခြုံနွယ်ပေါင်းပင်များ သန့်ရှင်းခြင်း၊ စေတီတော်ကုန်း ပေါ်ရှိ ပေါင်းပင်များ ရှင်းလင်းခြင်းတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြ ပြီး လုပ်အားဒါနဆောင်ရွက်သူများအား အလှူရှင်များမှ နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
သီရိအောင်(တကောင်း)