မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် (၁၈)နှစ်အထက်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မိုင်းရယ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီမှ စ၍ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နမ့်ရယ်ခန်းမ၊ မန်စန့် ကျေးလက်ကျန်းမာရေးဌာန၊ ပန်လန်းကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၊ မန်ကျောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသီးသီး ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့်အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း(၁၂၈၀)ဦး ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရမည့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ယနေ့အထိ စုစုပေါင်း (၄၈၅၀)ဦး ရှိပြီဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

မြို့နယ် ပြန်/ဆက်