မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့် အချက်များအား လှည့်လည်နှိုးဆော်

မိုင်းဆတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာ ရမည့်အချက်များအား ယနေ့နံနက်(၇)နာရီခွဲက မြို့ပေါ်ရပ်ကွက်၊ လမ်းဆုံများတွင် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

အသိပညာပေး လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပထွက်သွားလာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာကြရန်၊ မိမိတို့အနေဖြင့် လည်းအခြားသူများထံမသွားကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာခဏဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း(mask)ကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် စစ်ဆေးကြရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူ အားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို စနစ်တကျလိုက်နာကြရန် မယ်ဆွမ် တောင်ရပ်ကွက်(နောင်ဟီး)ရပ်၊ ဝိန်းဝိုင်လမ်းဆုံနှင့် ဝမ်ကျောင်း(ရပ်)တို့တွင် အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)