ဆီဆိုင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက ဆီဆိုင်မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ ကအပြင်ထွက်တိုင်း Maskတပ်ရန်၊ လူစုလူများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ အခြားသူများနှင့် ၆ ပေအကွာ ခပ်ခွာခွာနေပါ၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည် ဖြင့်လက်ကိုသန့်စင် ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်း သည့်နေရာတွင်နေပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင် ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက် သည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ် အကြောင်းကြားပြီး ဆေးကုသမှု ခံယူရန်၊ ကာကွယ်ဆေးသည်မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ် ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်း များကို ဆက်လက်လိုက်နာပါ၊ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိဘပြည်သူများ အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည် နှိုးဆော်အသိပညာပေး ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)