ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြည်သူများ လက်ဝယ်အရောက် ဆောင်ရွက် ပေးလျက်ရှိ

ရေး အောက်တိုဘာ ၅

မော်လမြိုင်ခရိုင်၊   ရေးမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူး ရုံးသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကလော့လေးကျေးရွာရှိ အမှတ်(၃၁၆) အမြောက်တပ်ရင်း တပ်တွင်းခန်းမ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ယင်းသို့   ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍   မြို့နယ်ဒုလဝကမှူး  ဦးမြင့်လွင်က   ပန်းခင်းစီမံချက် ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး  တပ်ရင်းမိသားစုဝင်များအား        နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၅)ခုနှင့်  အိမ်ထောင်စုစာရင်း(၈၁)ခုတို့အား  ပြည်သူများ၏  လက်ဝယ်အရောက် နေ့ချင်ပြီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)