ဘူးသီးတောင် အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ဒုတိယအကြိမ် (ဒုတိယအသုတ်)အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက တိုက်ပွဲရှောင် စခန်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံရာတွင် စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးရာတွင် လမ်းမဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်စခန်းမှ (၆၆)ဦး၊ ရန်အောင်မြေဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်စခန်းမှ (၂၁)ဦး၊ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းမှ (၆၀)ဦး၊ ဂန္ဓာရီပရဟိတကျောင်းဝင်းရှိ တိုက်ပွဲရှောင်စခန်းမှ (၅၈)ဦး၊ စုစုပေါင်း(၂၀၅)တို့ကို ဒုတိယအကြိမ် (ဒုတိယအသုတ်)အဖြစ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)