မြေပုံမြို့နယ်၌ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း တောင်သူပညာပေး သင်တန်းဖွင့်လှစ်

မြေပုံ အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ သဘာဝမြေဩဇာပြု လုပ်သုံးစွဲနည်း တောင်သူပညာပေး သင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ပဲကောက်ကျေးရွာ   ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ဖွင့်လှစ်သည်။

သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း တောင်သူပညာပေး သင်တန်းဖွင့်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးခိုင်နှင့် ဝန်ထမ်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ပဲကောက်၊ ခေါင်းဖြူ၊ ကံသာ၊ ဒဂုံနှင့် ဝက်ခေါင်းကျေးရွာများမှ တောင်သူ(၅၀)ဦးတို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တက်ရောက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းလာရောက်ပို့ချပေးခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် (EN ဘိုကာချီ) သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ Projector ဖြင့် တက်ရောက်လာသော တောင်သူများအား စနစ်တကျပို့ချသင်ကြားသည်။

ဆက်လက်၍ (EN ဘိုကာချီ) သဘာဝမြေဩဇာပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြ ပြုလုပ်ကြကြောင်း သိရသည်။

တင်ဝင်း