ပင်းတယ အောက်တိုဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်ရန်အတွက် ပင်းတယမြို့နယ်ရှိ ဖွင့်လှစ်ရောင်းချ
လျက်ရှိသည့် စျေးဆိုင်ခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူးဦးဆန်းထွန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိဦးစည်သူဝင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန်ဒေါက်တာကျော်ကျော်ဟိန်း၊ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်မီး သတ်တပ်ဖွဲ့ဝင်များက ပင်းတယမြို့ မြို့မစျေးအတွင်းရှိစျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိရှောင်တခင်စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ ဆေးဝါးနှင့်အခြေခံစားသောက်ကုန်ရောင်းချပေးသည့် စျေးဆိုင်ခန်းများသာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပေးပြီး၊ လက်ဖက်ရည်ဆိုင်များ၊ အစားအသောက်ပြုလုပ် ရောင်းချသည့် ဆိုင်များအားလုံး (Take-away)ပါဆယ်စနစ်ဖြင့်သာရောင်းချသွားရန် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ ၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပြီး၊ အဆိုပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိသောစျေးဆိုင်များအား ရှမ်းပြည်နယ် စည်ပင်သာယာ ရေး ဥပဒေအရသော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုအရ သော်လည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)