သာစည် အောက်တိုဘာ ၄
အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာများ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီကပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် သာစည်မြို့အမှတ်(၇)ရပ်ကွက်မှ အထက်တန်းပြ (အငြိမ်းစား) ဆရာဦးစိုးမြင့်စာရေးဆရာအမည် ဖိုးရာဇာ(သာစည်)က ကမ္ဘာ့ဆရာများနေ့ စတင်သတ်မှတ်ခဲ့ပုံ၊ နိုင်ငံတကာတွင် ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပခဲ့သောနေ့နှင့် မြန်မာနိုင်ငံတွင်ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပ ခဲ့သောနေ့အကြောင်း၊ ဆရာဘဝတွင်ဆရာကျင့်ဝတ်(၅)ပါး၊ နာသုံးနာတို့နှင့်အညီ ခံယူချက်ထားကာသင်ကြားခဲ့ပုံနှင့်ငယ်စဉ်ဘဝ ပညာသင်ယူစဉ်က တပည့်ကျင့်ဝတ်(၅)ပါးနှင့်အညီ လိုက်နာပညာသင်ယူခဲ့ပုံများ၊ နိုင်ငံတနိုင်ငံအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်ရင်းနှီးမြုပ်နှံမှုဖြစ်သည့်အတွက်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အလွန်ကောင်းမွန်ကြောင်း၊ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ပညာရေး အရေးကြီးမှုများ၊ ဆရာကောင်းတစ်ယောက်ဖြစ်ရန် လိုက်နာကျင့်ကြံနေထိုင်ရမည့် အချက်များစသည်ဖြင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းက တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်