ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာများ အသိပညာပေးဆွေးနွေး

သာစည် အောက်တိုဘာ ၄

အောက်တိုဘာ ၅ ရက်နေ့တွင်ကျ‌ရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သိမှတ်ဖွယ်ရာ များအသိပညာပေးဆွေးနွေးပွဲကို   မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌  အောက်တိုဘာ ၄ ရက်နံနက် ၁၀ နာရီကပြုလုပ်သည်။

 အသိပညာပေးဆွေးနွေးပွဲတွင်  သာစည်မြို့အမှတ်(၇)ရပ်ကွက်မှ အထက်တန်းပြ (အငြိမ်းစား) ဆရာဦးစိုးမြင့်စာရေးဆရာအမည် ဖိုးရာဇာ(သာစည်)က  ကမ္ဘာ့ဆရာများနေ့စတင်သတ်မှတ်ခဲ့ပုံ၊ နိုင်ငံတကာတွင်ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပခဲ့သောနေ့နှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများ နေ့စတင်ကျင်းပခဲ့သောနေ့အကြောင်း၊ဆရာဘဝတွင်ဆရာကျင့်ဝတ်(၅)ပါး၊နာသုံးနာတို့နှင့်အညီခံယူချက်ထားကာ သင်ကြားခဲ့ပုံနှင့် ငယ်စဉ်ဘဝ ပညာသင်ယူစဉ်ကတပည့်ကျင့်ဝတ် (၅)ပါးနှင့် အညီ လိုက်နာပညာသင်ယူခဲ့ပုံများ၊ နိုင်ငံတနိုင်ငံအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည်အနာဂတ်နိုင်ငံတော်အတွက်လူ့စွမ်းအားအရင်းအမြစ်ရင်းနှီးမြုပ်နှံမှုဖြစ်သည့်အတွက်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အလွန်ကောင်းမွန်ကြောင်း၊ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ပညာရေးအရေးကြီးမှုများ၊    ဆရာကောင်းတစ်ယောက်ဖြစ်ရန် လိုက်နာကျင့်ကြံနေထိုင်ရမည့် အချက် များစသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်သင်းသင်းက တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)