သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို  ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သာစည် အောက်တိုဘာ    ၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သည့် ပြည်သူများကို  ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက  ဦးစားပေး အုပ်စုအလိုက် ဆေးထိုးနှံမည့်စုရပ်(၅) နေရာ၌ ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ စျေးရောင်းချ သူများ၊ အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများ၊ ပရဟိတအသင်း၀င်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ အလုပ်ဌာနများမှ အလုပ်သမားများအား(ဒုတိယအကြိမ်)နှင့် ပထမအကြိမ် Sinopharm ကာကွယ်ဆေး ထိုးနှံထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံ ရသေးသည် ပြည်သူတို့အား ထိုးနှံပေးခဲ့ရာ ယမန်နေ့က သာယာကုန်း အ.လ.က ဆေးထိုးစုရပ်၌ (၅၂၅) ဦး၊ ရွှေတုတ်ကုန်း အ.ထ.က ဆေးထိုးစုရပ်၌ (၅၆၀) ဦး၊ ဉာဏ်ကန် အ.မ.က ဆေးထိုးစုရပ်၌ (၅၄၀) ဦး၊ ဘုရားငါးဆူ အ.ထ.က ဆေးထိုးစုရပ်၌ (၁၀၀၀) ဦး၊ ရွာမွန်သာ အ.မ.က ‌ဆေးထိုးစုရပ်၌ (၄၇၀) ဦး၊ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၃၀၉၅)  ဦးတို့အား  ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

သာစည်မြို့နယ်တွင် စက်တင်ဘာလ၂၅ ရက်မှ စတင်၍ ယနေ့နံနက်ပိုင်းအထိ ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၁၁၆၆၀)  ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသည့် ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက်  ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)