လမိုင်း အောက်တိုဘာ ၄
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ပထမအကြိမ် (ဒုတိယအသုတ်) အသက် ၅၅ နှစ်အထက် ကျန်ရှိသော သက်ကြီး ဘိုးဘွားများအား ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၅)နေရာ၌ ယနေ့နံနက် ၉ နာရီကစတင်၍ စုရပ်အလိုက်တာဝန်ရှိသူများက ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း အသက်အရွယ်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်များမှာ အထက လမိုင်း၊ (မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်၊ မြို့မ (၃)ရပ်ကွက်၊ကော့ဒွတ်)၊ နှစ်ကရင်ဆေးပေးခန်း (နှစ်ကရင်၊ သပြေရွာသစ်၊ လိမ္မောခြံ၊ ကုလားကုတ်၊) မော့ကနင်ဘုန်းကြီးကျောင်း (မော့ကနင်၊ ဘဲလမု၊ ကနင်ကမော့၊ ရွာသစ်)နှင့် သောင်ပြင်၊ တောင်ဘုံဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ဆေးထိုးစုရပ်အဖြစ် ထားရှိပြီး ထိုးနှံပေးလျက်ရှိရာ ကျန်ရှိသော အသက် ၅၅ နှစ်အထက် ဘိုးဘွားများကို အရေအတွက် သတ်မှတ်ချက်မရှိဘဲ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)