ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

မောင်တော အောက်တိုဘာ ၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီ အချိန်က  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့လုပ်အားရှင်များ ပူးပေါင်းကာ မြို့မအနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား အထဲမှ မိမိသဘောဆန္ဒအရ လာရောက်စစ်ဆေးခံသူများအား စစ်ဆေးပေးခဲ့ရာ အမျိုးသား(၄၃)ဦးနှင့် အမျိုးသမီး(၁၃)ဦး၊ စုစုပေါင်း(၅၆)ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး ၎င်းတို့တွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ပေးနေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)