ပလောက် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဘေးမှ ကင်းဝေးစေပြီး ကျန်းမာစွာနေထိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေး စာစောင်များအား ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ဘုတ်တွင် ကိုဗစ်-၁၉ မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့၊ကိုရိုနာ ဗိုင်းရပ်စ်ရောဂါအကြောင်း၊ နေ့စဉ်ပြုလုပ်သင့်သည့် အသက်ရှူနည်းများ၊ အဆုတ်ကျန်းမာ စေမည့် အသက်ရှူ လေ့ကျင့်ခန်းများ၊ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေးလိုက်နာ ဆောင်ရွက်ရ မည့် အချက်များ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့၊ ကုသမှု ခံယူပါစသည့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပန်ကြားချက်များအား ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြသထားကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)