ဒဂုံမြောက် ဩဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား မရှိသူများအား ယမန်နေ့ နံနက် (၁၀) နာရီအချိန် အမှတ်(၃၃) ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ဝန်ထမ်း များက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သော်လည်း ကိုင်ဆောင်လက်မှတ် မရှိသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ၂၀၂၀ ပြည့်နှစ် ဇွန်လဒုတိယပတ်မှ စတင်ကာ ရပ်ကွက်များ အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)