မိုင်း‌ငေါ့မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုအသက်(၁၈)နှစ်နှင့်အထက်ပြည်သူ(၁၇၀)ဦး တို့အား ပထမအကြိမ်ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး

မိုင်းငေါ့  အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမ အကြိမ်ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး Sinophram အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၁၈) နှစ် အထက် ကျား ( ၈၄ ) ဦး  မ ( ၈၆ ) ဦး စုစုပေါင်း (၁၇၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က တာလုံ ရပ်ကွက်ရှိ  အ.မ.က ကျောင်း၌ထိုးနှံပေးခဲ့ပါသည်။

ကာကွယ်ဆေးမထိုးမီ  အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက လည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း၊ မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)