မိုးမောက် သြဂုတ် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ စိန်ပက်ထရိတ် ကက်သလစ်ဘုရားကျောင်း၌ ယမန်နေ့ ညနေ(၃)နာရီခွဲက အခွန်လွတ်သာသနာ့မြေဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး စိန်ပက်ထရိတ်ကက်သလစ်ဘုရားရှိခိုးကျောင်း၊ စိန်ယောဟန်ကက်သလစ် ဘုရားရှိခိုးကျောင်း၊ ဖရန့်စစ္စကင်သီလရှင်ကျောင်းနှင့် စိန့်မေရီကက်သလစ် ဘုရားရှိခိုးကျောင်းတို့၏ အခွန်လွတ် သာသနာ့မြေဂရန်ကတ်များကို သက်ဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်များထံသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇင်မင်းထွဋ်တို့က ပေးအပ်ကြောင်းနှင့် စိန်ပက်ထရိတ် ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းထိုင်ဆရာတော် Fr.ဂျွန်းလဖိုင်ဇော်ယော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ရိုးရာပလိုင်း(မဂွန်းလစ်)ဖြင့် ဂါရဝါပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွန်းနန်းထွေး