မဘိမ်းမြို့နယ်တွင် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

မဘိမ်း     ဩဂုတ်     ၁၇            

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ စေတနာ့ဝန်ထမ်း (Volunteer) များအား ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုမှ စေတနာ့ဝန်ထမ်း (Volunteer)များကို ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် နှင့် တာဝန်ရှိသူများက မဘိမ်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer) ၃၀ ဦးထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ စေတနာ့ဝန်ထမ်း(Volunteer)များအား ပေးအပ်ချီးမြှင့် သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တာဝန်ရှိသူများ မဘိမ်းမြို့နယ် အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် မြို့နယ် ကော်မတီဝင်များအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)