ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးမှုပြန်လည်များလာနိုင်

ကျောက်ပန်းတောင်း  အောက်တိုဘာ  ၄

လှောင်ကြက်သွန်ခေါ်ဆောင်းကြက်သွန်နီများစတင်နှုတ်သိမ်းခဲ့သည့် မတ်လ၊ ဧပြီ မှစတင်ကာ ကြက်သွန်နီဈေးနှုန်းများ စိုက်ပျိုးသည့် အရင်းအနှီးမကာမီအောင် ကြက်သွန်တစ်ပိသာ ၂၀၀ ကျပ်မှ ၂၅၀ကျပ် ဖြစ်နေရာမှ အောက်တိုဘာလ ပထမပတ်တွင်ကြက်သွန်နီ ဈေးနှုန်းများ ၅၀၀ ကျပ်ထိမြင့်တက်လာခြင်းကြောင့်ကြက်သွန် တစ်ပိသာ ၇၀၀ကျပ်ထိမြင့်တက်လာကြောင်း ယခုနှစ်ကြက်သွန်နီစိုက်ပျိုးတောင်သူများ ပြန်လည်စိုက်ပျိုးလာနိုင်ကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်း အောင်ပြောကြား၍သိရသည်။

ကြက်သွန်ဈေးနှုန်းကျဆင်းနေတာ နှစ်နှစ်ကျော်လောက်ကိုရှိနေပြီ၊ ကြက်မောက် တောင်ဆည် ပတ်လည်ဒေသက ရွာပေါင်း သုံးဆယ်လောက်က ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ကို အမြောက်အများစိုက်ပျိုးကြတာ၊ ကြက်သွန်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ဆပ်ပြာကျင်း၊ အမှတ်-၄၊ ပြည့်ဝ ၊ ကင်မွန်းခြုံ၊ ကျောက်တံခါး၊ မန်ကျည်းတိုင်း၊ အိုးအိုင်၊ စမ်းပွင့်၊ကိုင်း၊ ညောင်ပင်သာ၊ စည် ပင်သာ၊ မြိုင်သာယာ၊ ဈေးကုန်း ကျေးရွာများသည် ဆောင်းကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း၊ မြေအောက်ရေတူးဖော်ကာ ရေစုပ်စိုက်များဖြင့် ရေဖြန်း/ရေသွင်းစိုက်ပျိုးရခြင်း ကြောင့်ကြက်သွန်နီရဖို့သေချာပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်လည်းများပြားကြောင်း ဦးတင်ထွန်းက ဆက်လက်ရှင်းပြသည်။ ကြက်သွန်နီ ပျိုးထောင်စိုက်ပျိုးရာတွင် ကရိကထများပြားသော်လည်း ကျေးလက်ကြက်သွန် စိုက်ပျိုး တောင်သူများသည် စိုက်နေကျလုပ်ငန်းဖြစ်သည့်အတွက် စိုက်ပျိုးချိန်ရောက်လျှင် ပုံမှန်စိုက်ပျိုး ကြကြောင်း၊ ကြက်သွန်နီပျိုးစတင် ထောင်ချိန်ဖြစ်သည့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလတို့ တွင် ကြက်သွန်မျိုးစေ့များစ တင်ပျိုးထောင်ကြကာ ပျိုးထောင်ပြီး၄၅ရက်ကြာလျှင် စိုက်ကွင်းသို့ ပြောင်းရွေ့ကာ၊ဘောင် စနစ်ဖြင့်စိုက်ပျိုးပြီး ရေဖြန်း/ရေသွင်းစိုက်ပျိုးကြကြောင်း၊ တစ်နေ့ နှစ်ကြိမ် မနက်/ညနေ ရေဖြန်းစိုက်ပျိုးရခြင်းကြောင့် စက်သုံးဆီအမြဲသုံးရခြင်း၊ မြေဩဇာ (မြေဆီမြေနှစ်)၊ဈေး နှုန်းကြီးဖြင့်ခြင်း၊ထွန်စက်ငှားရမ်းခ၊ နွားရှဉ်းထွန်းယက်ခ၊ စိုက်သမစရိတ်၊ ရွက်ဖြန်းဆေး၊ မြေငှားရမ်းစိုက်ပျိုးခ၊ ကြက်သွန်တစ်ရာသီစိုက်ပျိုးရန် အချိန်ငါးလခန့်ကြာမြင့် ကာဆောင်း ကြက်သွန်ခေါ်လှောင်ကြက်သွန်သည် တစ်နှစ်ကျော်ကျော်အထားခံကြောင်း သိရသည်။ ကျေးလက်တောင်သူဆများ ဆောင်းကြက်သွန်စိုက်ပျိုးရန် ကြက်သွန်တစ်ဧက သိန်းနှစ်ခန့်ကုန်ကျပြီး ကြက်သွန်တစ်ပိသာ ပျှမ်မှ ၄၀၀ကျပ်ရောင်းချရမှသာ တစ်ဧက စိုက်ပျိုး နှုန်း အရင်းရရှိကြောင်းသိရပြီး၊ အောက်တိုဘာတစ်ရက်နေ့မှစတင်ပြီး ကြက်သွန်နီဈေးနှုန်းများ လှုပ်ခတ်လာကာ စတင်နှုတ်သိမ်းချိန်ဖြစ်သည့် ဧပြီလနှင့်မေလို့မှစတင်ပြီး ကြက်သွန်ဈေး နှုန်းတစ်ပိသာ ၂၀၀ကျပ်ကျော်ကျော်မှ အောက်တိုဘာလ(စတင်းကျွတ်လဆန်း)တွင်  ကြက်သွန် နီဈေးနှုန်း တစ်ပိသာ ၇၀၀ကျပ်မြင့်တင်လာခြင်းကြောင့်၊ ကြက်သွန်နီပြန်လည် စိုက်ပျိုးသည့် တောင်သူများလာနိုင်ကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူ ဦးနန်းတင့်က ပြောကြား၍သိရသည်။

ကိုထိန်၊KPD