လဲချား အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းကြောင့် စစ်ဆေးပေးသူ (၁၁)ဦးတွင် (၃)ဦးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ လဲချားမြို့နယ်တွင် ဇူလိုင်လ (၁၀)ရက်နေ့မှ ယနေ့အထိ စစ်ဆေးသူ စုစုပေါင်း (၇၉၇)ဦးတွင် ပိုးတွေ့အတည်ပြုလူနာ (၁၉၃)ဦးရှိရာတွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၇၀)ဦး၊ သေဆုံးသူ (၈)ဦး ဖြစ်ပြီး ကျန်ရှိသောအတည်ပြုလူနာ( ၁၅)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထကကျောင်းတို့တွင် သီးသန့်ထားရှိပြီး ကြပ်မတ်ကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
လွှမ်းသူနောင် (လဲချား)