ဇေယျာသီရိမြို့နယ်တွင် နိုင်ငံတော်အရေးပေါ် အရန်ရိက္ခာ ၁၈ လီတာဆံ့ စားအုန်းဆီပုံး ၁၇၁၈ ပုံး သိုလှောင်ထားရှိ

ဇေယျာသီရိ   ဩဂုတ်  ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်တွင်  နိုင်ငံတော်အရေးပေါ် အရန်ရိက္ခာ ၁၈ လီတာဆံ့ စားအုန်းဆီပုံး (၁၇၁၈) ပုံး ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ သိုလှောင်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အရေးပေါ် အရန်ရိက္ခာ စားအုန်းဆီပုံးများကို လုံခြုံရေး စနစ်တကျထားရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကာ  ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရပါက  အဆိုပါ နိုင်ငံတော်အရေးပေါ် အရန်ရိက္ခာ စားအုန်းဆီပုံး (၁၇၁၈) ပုံးကို ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးလင်းထွန်း (ဇေယျာသီရိပြန်/ဆက်)