မြေပုံမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac (ဒုတိယအကြိမ်)ထိုးနှံလျက်ရှိ

မြေပုံ၊ အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိတိုက်ပွဲရှောင်စခန်း(၁၁)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac (ဒုတိယအကြိမ်)တိုးနှံခြင်းကို အောက်တိုဘာ ၁ရက်နေ့နံနက် (၉)နာရီ အချိန်က စတင်ကာ သတ်မှတ်စုရပ်များ၌ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှု ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊  ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့်စခန်းတာဝန်ခံများတို့ ပူးပေါင်း၍ ကာကွယ် ဆေးထိုးစုရပ်(၁၁)နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာသတ်မှတ် စည်းကမ်းချက်များနှင့်အညီ အသက် (၁၈)နှစ်မှ(၆၅)နှစ်အတွင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိသည်။

တင်ဝင်း