လှိုင်သာယာ(အနောက်ပိုင်း) ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀) ရပ်ကွက်၌ ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများရှင်းလင်းတူးဖော်ခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းက ရပ်/ကျေးအလုပ် အမှုဆောင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ စုပေါင်း၍ ဆောင်ရွက် သည်။
ထို့သို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ္လ(၇) လမ်းတလျောက် ရေစီး ရေလာ ကောင်းမွန်ရေး ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များနှင့် ရေမြောင်းများ အတွင်း ပေါက်ရောက် နေသော အပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အတွင်းရှိ အများပြည်သူများ ကျန်မာ ရေး ညီညွတ်စေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် စုပေါင်းဆောင်ရွက် ကြခြင်း ဖြစ်ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)