ပုဗ္ဗသီရိမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ    ဩဂုတ်    ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခြင်း ကို ယမန်နေ့ မွန်းလွဲပိုင်းက သပြေကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဒေါ်ဆွေဆွေဦးနှင့် ဝန်ထမ်းများက သပြေကုန်းကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းတွင်အမည် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူ စုစုပေါင်း ၅၀ ဦးအား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက် ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများအား စဉ်ဆက်မပြတ်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)