လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက် ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၉)ရပ်ကွက်၊ သုမဂ်လမ်းအား ကွန်ကရစ် ဆောင်ရွက်နေမှုနှင့် Box Culvert များ ဆောင်ရွက်ရန် အခြေအနေ များအား ကွင်းဆင်း ကြည့်ရှုခဲ့ပြီး အရည်အသွေး ပြည့်မီရေးနှင့် စနစ်တကျ ရေရှည်ခိုင်ခံ့မှု ရှိစေရေး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော် ကိုယ်စား လှယ်များ တင်ပြ တောင်းဆိုမှုကြောင့် တိုင်း ဒေကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)