မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကာလ အခြေခံပညာ အထက်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေမှုအား ဒုတိယအကြိမ် ရှောင်တခင်စစ်ဆေး

မိုင်းယန်း      ဩဂုတ်     ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေမှုအား စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန် က ဒုတိယအကြိမ် ရှောင်တခင်သွား ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်မှုတွင်  ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကာလ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး သတ်မှတ်ထားရှိသော စည်းကမ်းချက် များ နှင့်အညီ ကျောင်းစတင်ဖွင့်လှစ်သင်ကြားနေမှုအပေါ် ကျောင်းသား/သူများ စာသင်ခန်းအတွင်း စနစ်တကျ နေရာချထားခြင်းများနှင့် ကျန်းမာရေးနှင့်ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများမှ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် Grade-11 တွင် ကျောင်းသား/ သူ (၅) ဦး နှင့် Grade-10  တွင် ကျောင်းသား/သူ (၁၆) ဦး စုစုပေါင်း (၂၁) ဦးရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)