မြစ်သားမြို့၌ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန်များ လာရောက်လှူဒါန်း

မြစ်သား အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်နှင့် ဆီ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းကို  ယနေ့နံနက် ၈နာရီက ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန် ရှိသူများက မြစ်သားမြို့ မေတ္တာရှင်ပရဟိတအဖွဲ့နှင့် ပူးပေါင်း၍ လာရောက် လှူဒါန်းကြကြောင်း သိရသည်။

ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ မြစ်သားမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၂၀၀၀ တန်ဖိုးရှိ ဆန်(၃)ပြည်ပါ တစ်အိတ်နှင့် ဆီတစ်ပိဿဗူး(၁)ဗူးစီ တို့ကို လိုအပ် လျက်ရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)ဦးအတွက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊

စားရေးသောက်ရေးအတွက် လိုအပ်လျက်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ ပရဟိတအဖွဲ့များနှင့် ဆက်သွယ်၍  အလှူခံနိုင်ပါကြောင်း အဆိုပါ ဖောင်းဒေးရှင်းမှ လာရောက်လှူဒါန်းသူ တစ်ဦးထံမှ သိရသည်။

မြမြမွန်