မာန်အောင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပလင်ကျေးလက်ကျန်းမာရေးဌာန၌ဆက်လက်ထိုးနှံ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၆၂၉၅ ဦးရှိ

မာန်အောင် အောက်တိုဘာ

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက်(၁၈)နှစ်အထက်ပြည်သူများအား ကျေးလက်ကျန်းမာရေးဌာနများ၌ ထိုးနှံပေးလျက်ရှိရာ ပလင်ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့နံနက်၉နာရီတွင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးရန်လာသူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပုံမှန် အခြေအနေရှိသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး နာရီဝက်ခန့်စောင့်ကြည့်ပေးကာ ကိုဗစ် -၁၉ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိသည်။

 

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများကို အသက်(၁၈)နှစ်အထက် ပြည်သူများအား စက်တင်ဘာလ ၂၄ရက်နေ့မှ စတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများ၌ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ၃၀ရက်နေ့ထိ ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၆၂၉၅)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

 

သိန်းဖေ(ပြန်/ဆက်)