လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် မြက်ချုံနွယ်များနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေး၊ ခြင်များခိုအောင်းမှု မရှိစေရေးနှင့် ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ ပြန်လည်တူးဖော်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် မြက်ချုံနွယ်များ ရှင်းလင်းခြင်းကို မြို့နယ်စည်ပင် သာယာရုံးဝန်ထမ်း များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးစန်းမြင့်၏ ကြီးကြပ် မှုဖြင့် မြို့နယ်စည်ပင်သာယာစီမံဌာန၊ ပန်းဥယျာဉ်၊ လမ်းတံတား၊ သန့်ရှင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန် ပုသိမ်လမ်းမကြီး ဘေးဝဲယာရှိ မြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် ခုတ်ထွင်ရှင်လင်းပြီးသော သစ်ကိုင်းများ၊ အမှိုက်များအား အမှိုက်သိမ်း ယာဉ်ဖြင့် စနစ်တကျ သယ်ယူ၍ သတ်မှတ်နေရာတွင် စွန့်ပစ်ရေးတို့အား ဆောင်ရွက်ခဲ့ပြီး စုပေါင်းသန့်ရှင်းရေးကို ဝန်ထမ်း အင်အား(၅၀) ကျော် ဖြင့်စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)