ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံးလျော့ချနိုင်ရေးအတွက် လိုက်နာရမည့် အချက်များ အသိပညာပေး နှိုးဆော်

ကျိုင်းတုံ           စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံး လျော့ချနိုင်ရေး အတွက်  အများပြည်သူ့အကျိုး၊ မိမိအကျိုးအတွက် လိုက်နာရမည့်အချက်ကို  အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်သည်။

အသိပညာပေးနှိုးဆော်ရာတွင် ကျိုင်းတုံမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် ကြေညာထား သည့်အတွက် ယခင်လို ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး လွတ်လပ်စွာ ကူးလူးဆက်ဆံသွား လာနိုင်ရန်အတွက်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျော့နိုင်ရေးနှင့် မြို့နယ်အား Stay at Home မြို့နယ်အဖြစ်မှ အမြန်ဆုံးကင်လွတ်နိုင်ရန် မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ မဖြစ်မနေအပြင်သို့ ဈေးဝယ်ထွက်ရန်ရှိပါက ဝင်ထွက်သွားလာ ခွင့်ကတ်ပြားယူဆောင်ပြီး နှာခေါင်းစည်း Mask တပ်ဆင်၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေးဝယ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲ ဉပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွာမည်ဖြစ်ကြောင်း၊ အပြင်ထွက် သွားလာသူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ သတ်မှတ်နေရာများတွင် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျိုင်းတုံမြို့နယ်အတွင်း  ရပ်ကွက်၊ ကျေးရွာများရှိ မိဘပြည်သူများအားလုံးကို ကိုဗစ်-၁၉ ကူးစက်ခံ ရမှုရှိမရှိကို  သတ်မှတ်စစ်ဆေးစုရပ်နေရာများတွင် အခမဲ့စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းဆိုင်များသာ ဖွင့်လှစ်ရောင်းချရန် အမိန်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ရာ အခြားမည်သည့်ဆိုင်မျှ ဖွင့်လှစ်ရောင်းချ ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက ဉပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသိပေးနှိုးဆော်ကြေညာခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)