ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက်  ‌ထောက်ပံ့ကြေးများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် 

မန့်ဟီးရိုး  စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံး လပတ်(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးများကို အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်(၃)အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ သေဆုံးနှုန်း လျော့ကျနိုင် စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင် စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့် အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုလျော့ကျစေရန်၊ မိသားစု စီးပွားရေးထိခိုက်မှုလျော့နည်းသသက်သာစေရန်၊ ကျန်းမာသန်စွမ်းသောနိုင်ငံသားကောင်း  ရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင် ကြစေရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် တစ်ဦးလျှင် ငွေကျပ် (၄၅၀၀ဝိ/-)ကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၃)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)အောက်ကလေးငယ်ပေါင်း (၅)ဦးတို့အတွက် ငွေကျပ်(၂၂၅၀၀ဝိ/-)ကို ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်း တို့မှအိမ်တိုင်ရာရောက် သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် စက်တင်ဘာ(၂၈)ရက်နေ့မှ စက်တင်ဘာ(၃၀)ရက်အတွင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။ 

စန္ဒာ