လဲချားမြို့နယ် နမ့်တုတ်ကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ကွင်းဆင်းထိုးနှံပေး

လဲချား   စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု၊ ပန်ဟုန်း ကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရ‌သေးသည့် ပြည်သူများကိုပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ပန်ဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သွယ်သွယ်ဦး၊ သားဖွားဆရာမ နန်းဟွမ်နွမ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအကြောင်း သိကောင်းစရာများကို ပြည်သူများအား အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။ထို့နောက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်စာရေးဝန်ထမ်းများမှ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ  ဆေးထိုးရန်လာရောက်သော ပြည်သူ (၆၅)ဦးအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)