ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှု ပြန်လည်စတင်နိုင်ရေး နယ်စပ် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့များ နှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၉

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း နယ်စပ် ကုန် သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှု လုပ် ငန်းများပုံမှန်အတိုင်းပြန်လည်စတင်နိုင်ရေးအတွက်လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်နိုင်ရေး ဖြည့်စွက် ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဒေါက်တာမျိုးထွန်း၊ ကန်ပိုက်တီမြို့အုပ်ချုပ်ရေးမှူး၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင် များ အသင်း၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် သီးနှံထုတ်လုပ်သူများ အသင်း တို့မှ တာဝန်ရှိသူများနှင့် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် ကုန်တင်ယာဉ် စစ်ဆေး‌ ဆောင်ရွက်မှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စ ရပ်များ၊ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအ နေများ၊ ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးလုပ်ငန်းတွင် ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီနယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ယာဉ် မောင်း၊ ယာဉ်နောက် လိုက်များအပါအဝင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများအားလုံးကို အမြန်ဆုံး လွှမ်းခြုံ ထိုးနှံပေးနိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှု များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ် များ၊ ကာကွယ် ဆေး လွှမ်းခြုံထိုးနှံပေးရန်ကိစ္စရပ်များနှင့် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် လိုအပ်သည့် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။