နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ စီမံကိန်းကျေးရွာများရွေးချယ်ပွဲ မြို့နယ်အဆင့် TPIC အစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ လမ်းပန်းဆက် သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု ရှိသည့် နေရာများနှင့် ကျေးရွာသူ/သားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွှတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုမှု ရှိသည့်ကျေးရွာများ စသည်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) ကျေးရွာများရွေးချယ်ရန်နှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ရန် အခြေခံမူများအား ချပြရှင်းလင်းခဲ့ပြီး ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ၂၀၂၁-၂၀၂၂ခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် ဇေယျာသီရိမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP) ကျေးရွာ ၄ ရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ ၁ ရွာ ရွေးချယ်ခဲ့ကြောင်း ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)