စဉ့်ကိုင် စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲကိုယနေ့နံနက်(၁၀) နာရီက မြို့နယ်ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ပထမ(၆)လအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်ကျေးရွာ(၄)ရွာ ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာ (၁) ရွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ကျေးရွာရွေးချယ်ရေးလုပ်ငန်းများကိုချပြ ရှင်းလင်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဇော်မင်းဆင့်ကကျေးရွာမှပြည်သူများကလည်း ပူးပေါင်းပါ၀င်စေရေး၊ ကျေးရွာအတွက်အမှန်လိုအပ်သည့် ကျေးရွာဖြစ်ရေးဦးစားပေးရွေးချယ်ရန် လိုအပ်ကြောင်းရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့်ဌာနဆိုင်ရာတာ၀န်ရှိသူများကစဉ့်ကိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာ ရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ( VDP ) ဖြင့် ဆောင်ရွက်ရန် ဦးစားပေးအနေဖြင့် မြောင်းဆုံကြီး၊ ဆောက်အင်း၊ ကြက်သျှာ၊ တမာကုန်းကျေးရွာများ နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အနေဖြင့် တအုံအရှေ့ကျေးရွာအား ရွေးချယ်ခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)